07
Dec

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တောအုပ်များ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး(၄)ရပ် ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် တောအုပ်များ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁)အား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလ (၇) ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရ ပါသည်။

အဆိုပါသင်တန်းတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရှိ တောအုပ်(သန္ဓေ)၊ ဝန်ထမ်းများအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား (၁၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား(၁၃) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား(၇) ဦး၊ စုစုပေါင်း(၃၀)ဦး တက်ရောက်ပြီး (၇-၁၂-၂၀၁၅) ရက်နေ့မှ (၁၄-၁၂-၂၀၁၅) ရက်နေ့အထိ (၈) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီးစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ နိုင်ငံတကာအဖွဲ့အစည်း များ (JICA,KOICA) ဖြင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်း Sites များနှင့် မကွေးခရိုင်၊ ချောက်မြို့နယ်ရှိ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ ရေရရှိရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ သဘာဝတောထိန်းလုပ်ငန်းများသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။