03
Jul

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော်ကို ဆိပ်ဖြူ မြို့နယ်၊ ကိုးထောင့်(အ.ထ.က) စာသင်ကျောင်းဝန်းအတွင်း၌ (၁၉-၆-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာ ဝန်ထမ်း(၁၀၀) ဦး၊ ကျောင်းဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀) ဦး၊ စုစုပေါင်း(၂၀၀) ဦးတို့မှ ကျွန်း၊ယင်းမာ၊ ယူကလစ်၊စိန်ပန်း၊ကုက္ကို၊ဖန်ခါး၊ဝါးဘိုးဝါး၊လျှော်ဖြူ သစ်မျိုးစုံအပင်(၆၀၀) အား စိုက်ပျိုးခဲ့ ပါသည်။