30
Sep

“ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲ နိုင်ငံများ/ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေး စီမံကိန်း၏ စီမံကိန်း ပထမနှစ် အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း”

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံClimate Change Center (CCC) တို့ ပူး​ပေါင်းဆောင်ရွက်လျက်ရှိသည့် တောင်အာရှနှင့်အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ/ မြန်မာနိုင်ငံတွင်စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေးစီမံကိန်း၏“စီမံကိန်းပထမနှစ်အကဲဖြတ်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲ(Project 1st Year M&E Workshop) ကို ၃၀-၉-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အလုပ်ရုံ​ဆွေးနွေးပွဲတွင် စီမံကိန်း၏ ပထမနှစ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ အား စောင့်ကြည့်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များအား ကနဦးတင်ပြခဲ့ပြီး၊ အေဝမ်းမီးဖိုနှင့် E.Free မီးဖို နှိုင်း ယှဉ်ချက်၊ E.Free မီးဖိုများသုံးစွဲရာတွင် ဒေသခံများ၏ သဘောထားအမြင်၊ E.Free မီးဖို အရည်အ​သွေး ပိုမို တိုးတက်စေရန် ပြုပြင်​ပြောင်းလဲသင့်သည့်အချက်များ၊ E.Free မီးဖို ဖြန့်ဖြူး​ရေးလုပ်ငန်းစဉ် အဆင့်ဆင့် တွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် အချက်များ၊ CCC စီမံကိန်းလုပ် ငန်းများ ​ဆောင်ရွက်ရာတွင် အဆင့်ဆင့် ဝန်ထမ်းဖွဲ့စည်းခြင်းနှင့် ပေါင်းစပ်​ဆောင်ရွက်ခြင်းတို့တွင် အားနည်း ချက် အားသာချက်များ၊ စီမံကိန်းလုပ်ငန်းများ ထိရောက်​အောင်မြင်ရေးအတွက် ထပ်မံထည့်သွင်းရမည့် လုပ် ငန်းစဉ်များ စသည့် ခေါင်းစဉ်များဖြင့် စာတမ်း (၆) စောင်အား ကိုယ်စားပြု CPA ခရိုင်များမှ ခရိုင်တာဝန်ခံ လက်​ထောက်ညွှန်ကြား​ရေးမှူးများက ဖတ်ကြားတင်ပြခြင်း၊ စာတမ်းများအပေါ် မေးမြန်း​ဆွေးနွေးခြင်း၊  အ ထွေထွေဆွေးနွေးခြင်း အစီအစဉ်များဖြင့်ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြော ကြား၍ အလုပ်ရုံ​ဆွေး​နွေးပွဲကို ၃၀-၉-၂၀၁၉ ရက်​နေ့ မွန်းလွဲ (၁၆:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။